Wednesday, February 25, 2009

သီချင်း

သီချင်းလေး ခံစားသွားကြ ပါလို့.... ပိုက်ပိုက် အခု စာမေးပွဲ ရှိလို့ အသစ် မတင်နိုင်သေးတာပါ... ဒီသီချင်းလေးက ပိုက်ပိုက် အကြိုက်ဆုံးသီချင်းလေးပါ။



ထရေစီရဲ့ အသံလေးကို လည်းသဘောကြတယ်... ပြီးတော့ စာသားလေးကိုလည်း သဘောကြလို့ပါ... နားဆင်လိုက်ပါဦး.. စာမေးပွဲ ပြီးမှ ပို့(စ်) အသစ်တင်ဖြစ်မှာပါ။ လာလည်ကြတဲ့ ဘလော့ကာ ကိုကို၊ မမ နဲ့သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်..

Monday, February 2, 2009

Happy Birthday "The Place"

ီနေ့လေး(၂.၂.၂၀၀၉)က "နေရာလေးတစ်ခု" ရဲ့တစ်လပြည့် မွေးနေ့ပါ။ ပိုက်ပိုက် ဘလော့ လောကထဲ ဝင်တာလည်း အခုဆို တစ်လပြည့်ခဲ့ပါပြီ။ ဒီအတောအတွင်း ပိုက်ပိုက်ရဲ့ နေရာလေးတစ်ခုကို လာလည်ကြတဲ့ Blogger ကိုကို၊ မမ၊ သူငယ်ချင်းများနှင့် မောင်လေး၊ ညီမလေး များကိုလည်း ကျေးဇူးတင်ပါတယ်။




ဘလော့လောကကို စတင်ရောက်ရှိပုံ

အရင်ကဆိုရင် ပိုက်ပိုက်က" Planet"" မှာပဲစာဖတ်ဖြစ်တယ်။ နောက်တော့ ယောင်လည်လည်နဲ့ အိမ်မက်များ ကိုရောက်တယ်။ ပထမကတော့ အိမ်မက်များ မှာ ဟိုစာဒီစာ ဖတ်ရင်း ရူးပေါဂိုဏ်းဖွင့်ပွဲ (၃၁.၁၀.၀၈) ဆိုတာတွေ့ပါရော။ အဲတာနဲ့ ဖတ်ရင်း ပေါရင်း ရူးပေါဂိုဏ်း ကိုရောက်သွားတယ်.. အဲဒီ့နေ့ကပဲ တိုက်တိုက်ဆိုင်ဆိုင် မြန်မာFont ကလည်းရတော့ ပေါချင်တာနဲ့ Follower လုပ်၊ Follower လုပ်တော့ Google ကမေးခွန်းတွေ ဖြေရင်း ယောင်လည် ယောင်လည်နဲ့ ဘလော့ရွာ ထဲကို ရောက်လာပါတော့တယ်။ နောက်တော့ ရူးပေါဂိုဏ်း မှာ ဆက်သွယ်ရေးဝန်ကြီး ရာထူးလျှောက်၊ အဲဒီ့ အချိန်ကတော့ လစ်လပ်ရာထူး ရှာပြီးလျှောက်တာ။ အခုတော့ ဂိုဏ်းမှာ ရာထူးတွေတောင် တော်တော်စုံနေပြီ။ အဲလိုနဲ့ ဘလော့ လောကကို ရောက်တာ အခုဆို တစ်လပြည့်ခဲ့ပါပြီ။

အရေးအသားကိုတော့ ဝေဖန်နိုင်ပါတယ်၊ ဝေဖန်မှ တိုးတက်မှာကိုး...

ကျေးဇူးတင်စွာဖြင့်
ပိုက်ပိုက်

Wednesday, January 28, 2009

The Poem I Like



လူတိုင်းမှာ အကြိုက်ဆုံး ဆိုတာ ရှိကြမှာပါ။ ပိုက်ပိုက်မှာလည်း အကြိုက်ဆုံးတွေ အများကြီး ရှိပါတယ်။ ပိုက်ပိုက်ရဲ့ အကြိုက်ဆုံးကဗျာလေး ကတော့"Someone I Like" ဖြစ်ပါတယ်။ ရေးတဲ့သူကိုတော့ ပိုက်ပိုက် လည်း သိဘူး။ စာသားကိုပဲ မှတ်ထားတာ။ အဲလို Memory ကကောင်းတာ။ တော်ပါပြီ လေမရှည်တော့ပါဘူး။ ကဗျာလေးပဲ ရေးလိုက်ပြီနော်။

Someone I Like

Someone I Like is faraway,
I feel the silent everywhere,
I don't know how much i care,
Someone I like is faraway...


Someone I like is in the air,

I feel the silent in the air,
I feel it, feel it .......
...Everywhere...

ဘယ်လိုလဲ? တိုတိုလေးနဲ့ ဘယ်လောက်ထိမိတဲ့ ကဗျာလေးလဲ ?ပိုက်ပိုက်က ကဗျာတိုတိုလေးပဲ ကြိုက်လို့လား မသိဘူး တော်တော်လေး ကိုကြိုက်တာ... ကဗျာကိုပြောတာနော်... ဒီကဗျာကို စတွေ့တုန်းကဆိုရင် မရှိတဲ့ Someone ကို ရူးလိုက်ရတာ အရမ်းပဲ.. အခုထက်ထိလည်း ဒီ Someone တစ်ယောက်ဘယ်ရောက်နေမှန်းမသိ။ ဒါပေမဲ့ ဇွဲမလျှော့ပေါင်... ကြိုးစားဆဲ... နောက်ဆုံးတော့ စာပဲကြိုးစားတာ ကောင်းပါတယ် ဟုစဉ်းစားကာ စာပဲကြိုးစားလျက်... :)

ကျေးဇူးတင်ပါတယ်
ကြိုးစားလျက်...
ပိုက်ပိုက် :D


သီချင်း


ခုတလော ဒီသီချင်းလေးနားထောင်ဖြစ်တယ်။ သီချင်းလေးက ကြာတော့ကြာနေပြီ။ စာသားလေးကိုလည်း ကြိုက်လို့ပါ။ စာသားကိုပါထည့်ပေးထားပါတယ်။ ဒီသီချင်းကြားရင် တယောက်ယောက်ကို လွမ်းသလိုပဲ။ ဒီသီချင်းလေးကို နားထောင်သွားကြပါနော်။ ဒီသီချင်းရဲ့ နာမည်ကတော့ Wherever you goပါ။ Richard Marks ရဲ့သီချင်းပါ။ ခုBryan Adams ကဆိုထားတာပါ။ ဒီVideoလေးတွေက သီချင်းနဲ့ အရမ်းလိုက်လို့ ထည့်ပေးလိုက်တာပါ။




စာသားလေးကတော့

Bryan Adams- "Wherever you go"

Oceans apart,
Day after day,
And I'll slowly go insane ,
I hear your voice,
All the line,
But it doesn't start the pain,
If I see you next to never,
How can we say Forever...

Wherever you go ,
Whatever you do,
I will be right here,
Waiting for you.
Whatever it takes,
Or how my heart breaks,
I will be right here,waiting for you.

I took for granted,
All the times,
Then thought i'd land somehow,
I hear the after,
I taste the tears,
But i can't get here you now,
Oh,can't you see it baby,
You've got me going crazy..

Wherever you go ,
Whatever you do,
I will be right here
Waiting for you.
Whatever it takes,
Or how my heart breaks,
I will be right here,waiting for you.

I wonder how we can survive,
This romance,
But in the end , the final with you,
I'll take
The chance...

Oh,can't you see it baby,
You've got me going crazy,
Wherever you go ,
Whatever you do,
I will be right here,
Waiting for you.
Whatever it takes,
Or how my heart breaks,
I will be right here,waiting for you...

Waiting for you...

ကျေးဇူးတင်ပါသည်
ပိုက်ပိုက်





Tuesday, January 27, 2009

မျှော်လင့်ချက်


ဓာတ်ပုံလေးကိုတော့ meren.org ကနေရတာပါ...တစ်စုံတစ်ယောက်ကိုစဉ်းစားနေတာနဲ့ တူလို့ပါ...

အတိတ်ဆိုတာ သမိုင်း
အနာဂတ်ဆိုတာ မျှော်လင့်ချက်
ပစ္စုပ္ပန်ဆိုတာ အခုအချိန်၊
လူတွေကပြောကြတယ်
ပစ္စုပ္ပန်အချိန်ကို အကျိုးရှိရှိသုံးတဲ့။

ငါကပစ္စုပ္ပန်ဆိုတဲ့ အခုအချိန်မှာ
အတိတ်က တစ်စုံတစ်ယောက်ကို
အနာဂတ်ဆိုတဲ့ အချိန်တချိန်ချိန်မှာ
ပြန်လည်တွေ့ခွင့်ရဖို့
မျှော်လင့်နေမိပြီ။

(ဘာရယ်ညာရယ်မဟုတ်ပါဘူး သူငယ်ချင်းရေးထားတဲ့
စာလေးကိုဖတ်ရင်း ရေးဖြစ်သွားတာပါ)

Friday, January 23, 2009

Gong xi fa cai


နှစ်သစ်မှာ အားလုံးပျော်ရွင်ကြပါစေ။
ရန်ကုန်ပြန်ပြီး နှစ်သစ်မကူးနိုင်လို့ ဒီဘလော့ရွာလေးထဲမှာပဲ နှစ်သစ်ကူးလိုက်ပါတယ်

zwani.com myspace graphic comments
Graphics for Chinese New year Comments





Click here to get hot comments and graphics...
Chinese New Year Comments and Glitter Graphics Code





Click here to get hot comments and graphics...
Chinese New Year Quotes, Comments and Glitter Graphics Code




နွားနှစ်မွေးတဲ့သူတွေရဲ့ characters တဲ့...

Click here to get hot comments and graphics...
Chinese Zodiac and Glitter Graphics Code




ဒါလေးက နွားနှစ်အတွက်ဗေဒင်လေးပါ... မှန်မမှန်တော့ သိဘူး :D

Click here to get hot comments and graphics...
Chinese Zodiac and Glitter Graphics Code




အားလုံးလည်း ပျော်ရွင်စရာ နှစ်သစ်လေးဖြစ်ပါစေ။
Gong xi fa cai

လေးစားစွာဖြင့်
ပိုက်ပိုက်

Saturday, January 17, 2009

ခွင့်စာ

ဤဘလော့၏C.E.O ကျွှန်မ ပိုက်ပိုက်သည် လွမ်းနာကျ၍ ၎င်း၊ ချစ်သူဝိုင်းဝိုင်းမလည်ပဲ ချစ်လှစွာသော အက်ဆိုင်းမန့် ပတ်ချာလည်ခြင်းကြောင့် အနည်းငယ် ဂေါက်တောက်တောက် ဖြစ်နေသောကြောင့် ၁ပတ်လောက် အနားယူမည်ဖြစ်သည်။
လူသားအားလုံးကို ဂျင်ကလိစားပါတယ်(လေးအစားပေါ်ပြူလာဖြစ်သော ဂျင်ကလိ အစားထိုးသုံးစွဲသည်)

ပိုက်ပိုက်
(ခေတ္တအရူးထောင်)