Wednesday, February 25, 2009

သီချင်း

သီချင်းလေး ခံစားသွားကြ ပါလို့.... ပိုက်ပိုက် အခု စာမေးပွဲ ရှိလို့ အသစ် မတင်နိုင်သေးတာပါ... ဒီသီချင်းလေးက ပိုက်ပိုက် အကြိုက်ဆုံးသီချင်းလေးပါ။



ထရေစီရဲ့ အသံလေးကို လည်းသဘောကြတယ်... ပြီးတော့ စာသားလေးကိုလည်း သဘောကြလို့ပါ... နားဆင်လိုက်ပါဦး.. စာမေးပွဲ ပြီးမှ ပို့(စ်) အသစ်တင်ဖြစ်မှာပါ။ လာလည်ကြတဲ့ ဘလော့ကာ ကိုကို၊ မမ နဲ့သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်..

Monday, February 2, 2009

Happy Birthday "The Place"

ီနေ့လေး(၂.၂.၂၀၀၉)က "နေရာလေးတစ်ခု" ရဲ့တစ်လပြည့် မွေးနေ့ပါ။ ပိုက်ပိုက် ဘလော့ လောကထဲ ဝင်တာလည်း အခုဆို တစ်လပြည့်ခဲ့ပါပြီ။ ဒီအတောအတွင်း ပိုက်ပိုက်ရဲ့ နေရာလေးတစ်ခုကို လာလည်ကြတဲ့ Blogger ကိုကို၊ မမ၊ သူငယ်ချင်းများနှင့် မောင်လေး၊ ညီမလေး များကိုလည်း ကျေးဇူးတင်ပါတယ်။




ဘလော့လောကကို စတင်ရောက်ရှိပုံ

အရင်ကဆိုရင် ပိုက်ပိုက်က" Planet"" မှာပဲစာဖတ်ဖြစ်တယ်။ နောက်တော့ ယောင်လည်လည်နဲ့ အိမ်မက်များ ကိုရောက်တယ်။ ပထမကတော့ အိမ်မက်များ မှာ ဟိုစာဒီစာ ဖတ်ရင်း ရူးပေါဂိုဏ်းဖွင့်ပွဲ (၃၁.၁၀.၀၈) ဆိုတာတွေ့ပါရော။ အဲတာနဲ့ ဖတ်ရင်း ပေါရင်း ရူးပေါဂိုဏ်း ကိုရောက်သွားတယ်.. အဲဒီ့နေ့ကပဲ တိုက်တိုက်ဆိုင်ဆိုင် မြန်မာFont ကလည်းရတော့ ပေါချင်တာနဲ့ Follower လုပ်၊ Follower လုပ်တော့ Google ကမေးခွန်းတွေ ဖြေရင်း ယောင်လည် ယောင်လည်နဲ့ ဘလော့ရွာ ထဲကို ရောက်လာပါတော့တယ်။ နောက်တော့ ရူးပေါဂိုဏ်း မှာ ဆက်သွယ်ရေးဝန်ကြီး ရာထူးလျှောက်၊ အဲဒီ့ အချိန်ကတော့ လစ်လပ်ရာထူး ရှာပြီးလျှောက်တာ။ အခုတော့ ဂိုဏ်းမှာ ရာထူးတွေတောင် တော်တော်စုံနေပြီ။ အဲလိုနဲ့ ဘလော့ လောကကို ရောက်တာ အခုဆို တစ်လပြည့်ခဲ့ပါပြီ။

အရေးအသားကိုတော့ ဝေဖန်နိုင်ပါတယ်၊ ဝေဖန်မှ တိုးတက်မှာကိုး...

ကျေးဇူးတင်စွာဖြင့်
ပိုက်ပိုက်