အော်ပျင်းတာပျင်းတာ ဘယ်လောက်တောင် ပျင်းလည်းဆိုတော့ အခုရေးနေရင်းနဲ့တောင် တော်တော်ပျင်းနေတယ်။ ပျင်းရိခြင်း ၆ပါးထက်တောင် ကျော်လွန်ပြီး ပျင်းတာ။ အစကတော့ ကျောင်းစာမှာသင်ရတဲ့ ပျင်းရိခြင်း ၆ပါးပဲ။ နောက်မှ တိုးလာတာ...ဟင်း...အခုဆို ပျင်းရိခြင်း အပါး(၁၀၀)ဖြစ်နေပြီ။
ပျင်းတာဟာ ကောင်းတဲ့ အလုပ် မဟုတ်ဘူး လေ။ ဘယ်အလုပ် ဘဲမဆို ဇွဲနဲ့လုပ် မှ အောင်မြင်တာ၊ ပျင်းနေလို့ မဖြစ်ဘူး။ မဟာဇနကလိုမျိုးဇွဲရှိမှ အရာရာအောင်မြင်မှာ။ ဒါပေမဲ့ ပိုက်ပိုက်က မဟာဇနကနဲ့ တခြားစီပဲ၊ သူက ဇွဲရှိသလောက် ပိုက်ပိုက် က အပျင်းကြီးတာ။ အော် ကိုယ့်အမှားကို ကိုယ်တိုင် မြင်တာတောင် ပြင်ဖို့ ခက်သား။
ကြိုးစားပြီး ပြင်ရပါဦးမည်။
ကျေးဇူးတင်ပါသည်။
ပိုက်ပိုက်
No comments:
Post a Comment